ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက် လက်ထိုးနှံ

ပုဏ္ဏားကျွန်း  ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ကျောင်းအခြေပြု အခြေ ခံပညာကျောင်းများမှ အသက်၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအားထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး(Myancopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီကိုယ်အပူချိန်တိုင်းတာခြင်း သွေးပေါင်ချိန်တိုင်းတာခြင်းစသည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး (Myancopharm)အားထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်ကျောင်းသား/သူ(၁၄၃၃၂)ဦးရှိရာ ယမန်နေ့ကအခြေခံပညာကျောင်း (၁၆)ကျောင်းတွင်  ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး(Myancopharm) ထိုးနှံသူ(၆၇၈)ဦးရှိပြီး ယနေ့အထိထပ်ဆောင်း(Booster)ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၇၂၂၃)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)