ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်း စစ်ဆေးအကြံပေး

ရသေ့တောင် ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နံနက် ၁၀ နာရီ အချိန်က ရသေ့တောင်မြို့ ပေါ်ရပ်ကွက်ရှိ တော်ဝင်တည်းခိုခန်း ရွှေနဒီတည်းခိုခန်းနှင့်လင်းဟိန်း တည်းခိုခန်းတို့အား မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေး‌ပေးကြသည်။

ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ကျော်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း အကြံပြု စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်၊ စသည့်တို့ကို စစ်ဆေး အကြံပေးကြသည်။

ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)