ရခိုင်ပြည်နယ် မောင်တောမြို့၌ ပထမအကြိမ် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။