မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများသို့သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။