ရခိုင်ပြည်နယ်

ရသေ့တောင်မြို့တွင် လူငယ်များအတွက် နွေရာသီ အားကစားသင်တန်းများဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီ အားကစားသင်တန်းများကိုလူ ငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကို အချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအားခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန်ရည်ရွယ်၍‌ ဖွင့်လှစ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတွဲမြို့၌ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၉း၃၀ နာရီ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့၌ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာ ဗဟုသုတပေးခြင်း အစီအစဉ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီကလူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )တွင် ပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မတောင်ရပ်ကွက်အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မတောင်ရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့  နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သံတွဲမြို့၊ နန်းချောင်းကျေးရွာ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာရှင် (၁၅၃) ဦးအား (အခမဲ့) စမ်းသပ်ခွဲစိတ်ကုသ

သံတွဲမြို့၊ နန်းချောင်းကျေးရွာ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ၌ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ဦးဆောင်သော မျက်စိခွဲစိတ်ကုသရေးဆရာဝန်အဖွဲ့မှ (၅-၃-၂၀၂၃) ရက်နေ့မှ (၆-၃-၂၀၂၃) ရက်နေ့ထိ (၂)ရက် ကုသပေးခဲ့ရာ မျက်စိခွဲစိတ်ရန် လိုအပ်သော လူနာရှင် အမျိုးသား (၆၉)ဦးနှင့် အမျိုးသမီး (၈၄) ဦး စုစုပေါင်း မျက်စိဝေဒနာရှင် (၁၅၃)ဦးအား (အခမဲ့) ခွဲစိတ်ကုသနိုင်ခဲ့ပြီး စက္ခုအလင်းပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(မြန်မာစာ)ဘာသာရပ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရှိစာစစ်ဌာနများဖြစ်သည့် အထက(၁)နှင့် အထက(၄)တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး စစ်တွေမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်း၊ စာစစ်ဌာနများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသည် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊ စာစစ်ဌာန၊ စာဖြေခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျောက်တော်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၁၉၈၁ ဦး ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ  ကျောက်တော်မြို့နယ်အတွင်းစာ စစ်ဌာန(၃)ခု၌ ကျောင်း သား၊ကျောင်းသူစုစုပေါင်း(၁၉၈၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်