ကျောက်တော်မြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ ၁၉၈၁ ဦး ဝင်ရောက်ဖြေဆို

ကျောက်တော်  မတ်   ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ  ကျောက်တော်မြို့နယ်အတွင်းစာ စစ်ဌာန(၃)ခု၌ ကျောင်း သား၊ကျောင်းသူစုစုပေါင်း(၁၉၈၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြေဆိုနိုင်ရန်အတွက် ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ အတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

ကျောက်တော်မြို့နယ် အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၈၁)ဦးရှိပြီး အ.ထ.က(ကျောက်တော်)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၇၂၄)ဦး၊ အထက-(မြို့မ)စာစစ်ဌာနတွင်(၅၈၄)ဦး၊ အထက(ခွဲ)ရှမ်းရွာစာစစ်ဌာနတွင် (၅၂၆)ဦး စုစုပေါင်းစာစစ်ဌာန(၃) ခုမှ ဝင်ရောက်ဖြေဆိုသူ(၁၈၃၄)ဦး၊ ပျက်ကွက် (၁၄၇) ဦးရှိကြောင်း ၊ စာစစ်ဌာန (၃) ခုတွင်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်းမှာ (၉၂.၅၈) ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ (၇.၄၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်မောင်ထွန်း