သံတွဲ မတ် ၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၉း၃၀ နာရီ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရမည်ဟု ပါရှိပြီး ပုဒ်မ၃၉၀(ခ)၌ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် နိုင်ငံတော်အားကူညီရန် ဟုပါရှိသည့်အတွက် နိုင်ငံတော်အစိုးရအဖွဲ့နှင့် တိုင်းသူ ပြည်သားအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနင့် ရာသီဥတု ပြောင်းလဲမှုကို လျော့ချနိုင်ရန် နည်းလမ်း(၄)မျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ရမည့် အချက်များကို အသေးစိတ် ရှင်းဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုမွန်ဖြိုး၊ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းအောင်တို့က အမွေအနှစ်များ ထိန်းသိမ်းဖို့ ရာသီဥတု ပြောင်းလဲမှု လျော့ချစို့၊ ကမ္ဘာကြီး ပူးနွေးလာခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချကြသည်။ ထို့နောက် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆန်းတင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ FDA၊ ဘေးအန္တရာယ် စီမံခန်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)