တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

တောင်ကုတ် မတ် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(မြန်မာစာ)ဘာသာရပ်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရှိစာစစ်ဌာနများဖြစ်သည့် အထက(၁)နှင့် အ.ထ.က(၄)တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် အ.ထ.က(၁)စာစစ်ဌာနတွင် ဖြေဆိုမည့်သူစာရင်းရှိ (၅၀၀)ဦးရှိသည့်အနက် ဖြေဆိုသူ(၄၂၈)ဦး၊ ပျက်ကွက်သူ(၇၂)ဦး ရှိပြီး အ.ထ.က(၄) စာစစ်ဌာနတွင် ဖြေဆိုမည့်သူစာရင်းရှိ (၂၂၈)ဦးရှိသည့်အနက် ဖြေဆိုသူ(၁၈၄)ဦး၊ ပျက်ကွက်သူ(၄၄)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ အ.ထ.က(၁)တွင်(၈၆)ရာခိုင်နှုန်း၊ အ.ထ.က(၄)တွင် (၈၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)