ရခိုင်ပြည်နယ်

မြေပုံမြို့၌ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နယ်လှည့်ဆေးကုဆေးအဖွဲ့ ရောက်ရှိမည့်နေ့ရက်၊ နေရာ၊ ဆေးကုသမည့်အချိန်တို့ကို ပြည်သူ့များသိရှိနိုင်ရန် လှည့်လည်ကြော်ငြာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နယ်လှည့်ဆေးကုအဖွဲ့ ရောက်ရှိမည့် နေ့ရက်၊ နေရာ၊ အချိန်တို့ကို ပြည်သူများသိရှိနိုင်ရန်အသိပေး လှည့်လည်ကြော်ငြာခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၇)ရွာသို့ သွားရောက်လှည့်လည်ဆော်ဩသည်။

ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စု(၄)စုတို့အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိန်ညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်နက်ပြင်ကျေးရွာ၌ မတ်လ(၉)ရက်နေ့ညက မီးလောင်ကျွမ်းခဲ့ သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မောင်တောခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အတူ ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့၊ သီရိမင်္ဂလာခန်းမ၌ မောင်တောမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး မောင်တောမြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများကို မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများပြုလုပ်

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းအချိန်က မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရေရရှိရေးအတွက် ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေ တူးဖော်နေမှုအား သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားမှုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ရေရရှိရေးလုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့မှ ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေတူးဖော်နေမှုအား ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အအစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြသည်။

ရသေ့တောင်မြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်း အဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းအဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းအခမ်း အနားကိုယနေ့နံနက် ၁၀ နာရီက ရသေ့တောင်မြို့ စိုက်ပျိုးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး အကြံပြုကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏးကျွန်းမြို့၊ စံပြရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် အကြံပြုကွင်းဆင်းစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ် ဓမ္မာရုံဂေါပကအဖွဲ့(ရန်ကုန်)၏ (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)က ကြီးမှုးကျင်းပသော (၃၆)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းနားကို ယနေနံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ အာဇာနည်လမ်း၊ ‌ရွှေတိဂုံစေတီတော်အရှေ့မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ကျင်ပရာ ဘွဲ့တံဆိပ်တော်ရနိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းခံရသော သံဃာတော်အရှင်သူမြတ်(၁၅)ပါးနှင့် ရခိုင်ပြည်နယ် ဓမ္မာရုံဂေါအကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ဘူးသီးတောင်မြို့နယ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံပြီး မိမိတို့သဘောဆန္ဒအလျောက် မူရင်းနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose  ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာဆေးရုံဝင်းအတွင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်