ရခိုင်ပြည်နယ်

ကျောက်ဖြူ၌ ဒေသထွက်ဝါးပင်များကိုအသုံးပြု၍  သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး “ဝါးလက်မှုအခမဲ့သင်တန်း” ဖွင့်လှစ်ပြသ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသထွက်သဘဝအလျောက်ပေါက်ရောက်လျက်ရှိသည့် ဝါးပင်များကိုအသုံးပြုကာ အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ “ဝါးလက်မှုအခမဲ့သင်တန်း”ကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ စံပြ(၁)လမ်း၌ ဖွင့်လှစ်ပြသသည်။

အမ်းမြို့နယ် ဓာတ်ပေါင်းစုစေတီတော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်အမှတ်(၃)စျေးရပ်ကွက်ရှိ ဓာတ်ပေါင်းစုစေတီတော် ပုရဝုဏ်တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဂွမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံ ရေယာဥ်(သံလွင်)မှ ဆေးကုသရေးအဖွဲ့သည် မာန်အောင်ဒေသခံပြည်သူ (၁၆၈၇) ဦးအား ဆက်လက်ဆေးကုသပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံ ရေယာဥ်(သံလွင်)မှ အထူးကုပါရဂူဆရာဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ မာန်အောင်မြို့နယ်ခန်းမတွင် အခြေပြု၍ ဒေသခံပြည်သူ (၁၆၈၇) ဦးအား ဆေးကုသပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဘူးသီးတောင်မြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလကလေးများအတွက် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ

ဘူးသီးတောင်မြို့နယ် ဒိုင်းနက်ပြင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင်ကျေးရွာ၌ ယမန်နေ့ည (၁၂) နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင် မအီ(အ.ထ.က) စာစစ်ဌာနအတွင်း ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မအီ(အ.ထ.က) စာစစ်ဌာနနှင့် လမူးမော် (အ.ထ.က) စာစစ်ဌာနတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ()ဦးတို့က အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်