ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား လူငယ်များ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့၊ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မြေပုံမြို့၌ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များဖြင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပူပြင်းခြောက်သွေ့ရာသီဖြစ်ပါ၍ ပြည်သူများ မီးဘေးလုံခြုံရေး သတိရှိစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များမှ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။

ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ လူငယ်အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာပေး နံရံကပ် စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေအချိန်က ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့်အတူ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

မင်းပြားမြို့၌   ငါးစားသုံးမှုဖူလုံစေရေး ငါးမွေးမြူရေးကန်များသို့ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရေးအတွက် ငါးမွေးမြူရေးကန်များသို့    ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာ စိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးကိုင်းပွားခင်း တည်ထောင်ခြင်း သင်တန်းပို့ချ

သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာမှ ဦးဆောင်၍ သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးကိုင်းပွားခင်း တည်ထောင်ခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ တပ်​တော်မြို့ပတ်ဝန်းကျင်မှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဦးဆောင်သော နယ်လှည့်ဆေးကု သရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး တပ်တောင်မြို့ အမှတ် (၁) ရပ်ကွက်သာသနာ့ဝေပုလ္လာရာမကျောင်တိုက် ဓမ္မာရုံ၌ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ(၃၇၀)ဦးအား ရောဂါအမျိုးအစာအလိုက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။
Subscribe to ရခိုင်ပြည်နယ်