ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော် အတွင်း၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော် အတွင်း၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ စေတီတော် လှိုဏ်ဂူတော်ကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။

အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ  တပ်မမှူးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြောက်ဦးတပ်နယ်မှ တပ်မမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မအီမြို့၌ တပေါင်းလရာသီ သရဖီပန်းနှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw ရေးသားသည့် တပေါင်းလရာသီ သရဖီပန်းနှင့် ကျန်းမာရေးအကြောင်းကို သိကောင်းစရာ အသိပညာပေး (Talk Show)အနေဖြင့် ယနေ့နေ့လယ်ပိုင်းကမအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက အဆိုပါပင်လယ်ကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။

ကျောက်ဖြူမြို့ရှိ အခြေခံလူတန်းစားမိသားစုဝင်များ လေပြင်းဘေးဒဏ်ခံနိုင်သောအိုးအိမ်များဆောက်လုပ်နိုင်ရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်

လေပြင်းဘေးဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်လာစေရန်အတွက် လေပြင်းဘေးဖြစ်ပွားနိုင်ခြေရှိသည့် ကျေးရွာများသို့သွားရောက်ကာ နေအိမ်များ ပြန်လည်ပြင်ဆင်ရန် အခက်အခဲရှိနေသည့် အခြေခံလူတန်းစားမိသားစုဝင်များထံသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိသည်။

မြောက်ဦးမြို့ ရခိုင်ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး ဗုဒ္ဓပူဇေနိယပွဲတော်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေး မှုနယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးတစ်ခုဖြစ်သော ကိုးသောင်းပုထိုးတော်ကြီးပွဲတော် ပထမအကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုးသောင်းပုထိုးတော်ကြီး ရင်ပြင်တွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။   

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယမန်နေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ပြည်နယ်ဥပဒေအရာရှိများခရိုင်ဥပဒေအရာရှိများ၏ ညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းနားတက်ရောက်

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ ခရိုင်ဥပဒေအရာရှိများ၏ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဥပဒေအရာရှိများ တက်ရောက်ကြသည်။ 

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်