ရခိုင်ပြည်နယ်

သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အဆိုပါအဆောက်အဦ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၀)ဦးခန့် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့၌ (၇၈)နှစ်မြောက် တပ်တော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့ မွန်းတည့်    ၁၂ နာရီက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုပြီးသည့် ‌ကျောင်းသားကျောင်းသူများအား (အခမဲ့)ဖြန့်ဝေပေးသည်။

ကျိန္တလီမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နေ့လည် ၁၂နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။

တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၂) နာရီ အချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်) မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်ခန်းမ၌ကျင်းပသည်။

ပုဏ္ဏားကျွန်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးပုဏ္ဏားကျွန်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်၊ သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့၊ နေ့လယ်(၁၂)နာရီက အလယ်စုရပ်ကွက်ရှိ မြို့မအထက(ခွဲ)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အမ်းမြို့နယ်၌ လူငယ်အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင်တင်ရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ အချိန်ကကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်