သံတွဲ မတ် ၁၇
သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာမှ ဦးဆောင်၍ သံတွဲမြို့နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ အသင်းသားများအား ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်းနှင့် မျိုးကိုင်းပွားခင်း တည်ထောင်ခြင်း သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းကိုပို့ချရာ ဒေါ်လှလှဝင်း (ခရိုင်မျိုးစေ့တာဝန်ခံ)က ရော်ဘာစိုက်ခင်းထိန်းသိမ်းမှုဆိုင်ရာများ၊ ဒေါ်သန္တာမြင့်(ဒု-လက်ထောက် ဦးစီးမှူး)က ရော်ဘာမျိုးကိုင်းပွားခင်းတည်ထောင်ခြင်းနှင့် ဦးအောင်စိုးမင်း(ဒုဦးစီးမှူး)က ရော်ဘာစေးလှီးနည်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းဆိုင်ရာများကို သင်ကြားပို့ချခဲ့ကြရာ သံတွဲမြို့နယ် အတွင်းရှိ ရော်ဘာစိုက်ပျိုးတောင်သူ (၄၅)ဦးနှင့် ဝန်ထမ်း (၂၃)ဦး စုစုပေါင်း (၆၈)ဦး တက်ရောက် ခဲ့ကြသည်။ သင်တန်းအပြီးတွင် သင်တန်းတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်