သံတွဲ ဧပြီ ၉
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိဒေါ်လဲ့လဲ့ဝင်းတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ ကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၁၇)ဦးတက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီ ၄ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ တစ်ပတ်လျှင်သုံးရက်ဖြင့် (၂)လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းသားလူငယ်များ ကွန်ပျူတာပညာကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လုပ်ငန်းများကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရေးတို့အတွက် ဦးနေမျိုးအောင် ဓာတ်ပုံကျွမ်းကျင်- ၂ နှင့် ကွန်ပျူတာဆရာဦးညီနိုင်းထက်တို့က အခမဲ့မျှဝေ သင်ကြားပေးခြင်းဖြစ်သည်။
ခရိုင်ပြန်/ဆက်