ရခိုင်ပြည်နယ်

မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ရေလောင်း ရေပက်ခံထွက်သူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယမန်နေ့ နေ့လယ်ပိုင်းမှစ၍  ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၊ အငူကမ်းခြေ၌ အပန်းဖြေအနားယူသူများနှင့် စည်ကားလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ရှိ အငူကမ်းခြေ၌သင်္ကြန်(အကြတ်နေ့) ယမန်နေ့တွင် ‌ရေကစားရန်လာရောက်ကြသူများ၊ အပန်းဖြေအနားယူသူများတို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့၌ နှစ်သစ်ကူးသင်္ကြန်အကြတ်နေ့တွင် ရေကစားသူများဖြင့် စည်ကား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးသင်္ကြန်ပွဲတော်(အကြတ်နေ့) ယမန်နေ့နေ့လယ်ပိုင်းအချိန်မှစ၍ မြေပုံမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ရခိုင်ရိုးရာရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့်စည်ကားလျက် ရှိကြောင်းသိရသည်။

ပေါက်တောမြို့နယ်တွင် နှစ်သစ်ကူးအတာသင်္ကြန်အကြတ်နေ့ ​ရေပက်ခံထွက်သူများ၊ ရေကစားမဏ္ဍပ်များ၌ ရေကစားသူများဖြင့်စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်တွင်ကျရောက်သည့် နှစ်သစ်ကူးအတာသင်္ကြန် အကြတ်နေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ရေကစားမဏ္ဍပ်များနှင့် ရေပက်ခံထွက်သူများဖြင့် ယနေ့နံနက်ပိုင်းအချိန်မှစ၍ အထူးစည်ကားလျက်ရှိသည်။

သံတွဲမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားသူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျက် ရှိကြောင်းသိရသည်။

ပေါက်တောမြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကားလျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် မဟာသင်္ကြန်အကြတ်နေ့တွင် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ယူသူများဖြင့် စည်ကားလျက် ရှိကြောင်းသိရသည်။

မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးတို့တွင်ဥပုသ်သီလ ဆောက်တည်သူများ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်ရှိကျောင်းများဖြစ်ကြသောမြို့မဘုန်းတော်ကြီးကျောင်း၊ မဟာဓမ္မိကာရုံကျောင်းတိုက်နှင့် ကွမ်းသီးကျောင်းစသည့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းရှိရာ မြို့မဘုန်းတော်ကြီးကျောင်းနှင့်မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်သည်။

ဂွမြို့နယ်တွင် သင်္ကြန်အကြတ်နေ့၌ ရေကစားမဏ္ဍပ်နှင့် ကမ်းသာယာကမ်းခြေတွင် ရေကစားသူများဖြင့် စည်ကား

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်၊   ဂွမြို့နယ်ရှိ ရေကစားမဏ္ဍပ်နှင့် ကမ်းသာယာကမ်းခြေတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြသည်။

မအီမြို့၌ မဟာသင်္ကြန်အကျနေ့ အတာသင်္ကြန်ရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  မအီမြို့တွင် မဟာသင်္ကြန်အကျနေ့တွင် မအီမြို့ အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် “မေတ္တာရိပ်” ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက် ရှိကြောင်း သိရသည်။

မာန်အောင်မြို့အတာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် သင်္ကြန်(ပထမ)နေ့အဖြစ် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား

ရခိုင်ပြည်နယ် မာန်အောင်မြို့ အတာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီမှညနေ ၆ နာရီထိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်