ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၅ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲတော်ပျော်ရွှင်စွာဆင်နွှဲ၊ ဗဟိုမဏ္ဍပ်ပိတ်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ရပ်ကွက်များတွင် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်သည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပြည်သူများပျော်ရွှင်စွာရေကစားလျက်ရှိ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်မြို့ပေါ် ရပ်ကွက်ရေလောင်းမဏ္ဍပ်များနှင့်အနီး ပတ်ဝန်းကျင်ရှိရေလောင်းမဏ္ဍပ်များ ယနေ့နံနက် ၁၀ နာရီ အချိန်စတင်ကာဖွင့်လှစ်၍ ၁၁ နာရီအချိန်၌ ရေလောင်းသူများရေပက်ခံသူ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

သံတွဲမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ရေကစားသူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ရခိုင့်ရိုးရာရေကစားးမဏ္ဍပ်များ ၊ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းမှစ၍ အထူးစည်ကားလျှက် ရှိကြောင်းသိရသည်။

ဘူးသီးတောင်မြို့တွင် သင်္ကြန်အတက်နေ့ ရေကစားမဏ္ဍပ်များ၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိ

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် သင်္ကြန်အတက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြည်သူများအေးချမ်းပျော်ရွင်စွာ ရေကစားမဏ္ဍပ်များ၌ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့ ပြည်သူများပျော်ရွှင်စွာ ရေကစားလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယနေ့သင်္ကြန် အတက်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ငပလီမြို့တွင်မဟာသင်္ကြန်အကြတ်နေ့၌ရေကစားသူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီ​မြို့၌ မဟာသင်္ကြန်အကျနေ့တွင် ရခိုင့်ရိုးရာရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့်​​ မြို့​ပေါ်ရပ်ကွက်ငပလီကမ်းခြေတို့တွင် ယနေ့အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့ ပြည်သူများပျော်ရွှင်စွာ ရေကစားလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယမန်နေ့သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မဟာသင်္ကြန်အကြတ်နေ့၌ မအီမြို့အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် "မေတ္တာရိပ်" ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်