မာန်အောင်မြို့အတာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် သင်္ကြန်(ပထမ)နေ့အဖြစ် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစား

မာန်အောင် ဧပြီ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့ အတာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီမှညနေ ၆ နာရီထိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် ရေကစားမဏ္ဍပ်(၇)ခု ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီသီးမှ ပြည်သူများ အဖွဲ့လိုက်၊ တစ်ဦးချင်းအလိုက် ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်ကြပြီး မဟာသင်္ကြန်ဗဟိုမဏ္ဍပ် စင်မြင့်ပေါ်တွင် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများ သီဆိုခြင်းများ ဆောင်ရွက်ကြပြီး အေးချမ်းပျော်ရွှင်စွာ ရေလောင်း၊ ရေပက် ကစားခဲ့ကြကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)