ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင့်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အလိုတော်ပြည့်ဘုန်း တော်ကြီး ကျောင်းတိုက်အတွင်းရှိ အောင်ဗောဓီဓမ္မရိပ်သာ၌ ရခိုင့်ရိုးရာအစဉ်အလာအတိုင်းနှစ်စဉ် ပြုလုပ်ကျင်းပသော ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ်ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့က ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ မျိုးသန့်ခြံအတွင်း မြောက်ရေတူးဖော်ရရှိနေမှုနှင့် ရေသိုလှောင်ဖြန့်ဖြူးနိုင်ရန် ရေဂါလံ ၂၀၀၀၀ ဆံ့ရေစုကန်တည်ဆောက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ရေရရှိရေး အတွက် မြေအောက်ရေတူးဖော်ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနေမှု၊ ရေစုကန်များတည်ဆောက်နေမှုနှင့် ရေဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

တောင်ကုတ်မြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့ ညနေပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များကို ပင့်ဖိတ်ကြည်ညို၍ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလမ်းမကြီးများတစ်လျှောက် လှည့်လည်နာယူခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၊ မြို့ပေါ်ရပ်ကွက်  လမ်းဆုံလမ်းခွနေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၆ အချိန်က သတ်မှတ်နေရာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မအီမြို့၌ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဆုံလမ်းခွ နေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ပွဲကို ယနေ့ ညနေ(၇း၃၀)အချိန်က ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။ ကုသိုလ်ယူ တရားနာလာရောက်သူ မြို့သူမြို့သားများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့၌ သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒွါရာတီခန်းမ၌ ကျင်းပပြုလုပ်သည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့အခါသမယတွင် ရမ်းဗြဲမြို့၌ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားစေတီများတွင် တံခွန်တင်လှူကုသိုလ်ပြုလုပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြန်မာနှစ်ဆန်းသမယတွင် မြို့ပေါ်ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆရာပူဇော်ကန်တော့ပွဲနှင့် ဘုရားစေတီများတွင် တံခွန်များပူဇော် လှူဒါန်းကြသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၁၇၃ ဦးလွတ်မြောက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၂၈/၂၀၂၃ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၁၇၃ ဦး လွတ်မြောက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၅၉) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပူဇော်

(၅၉) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၅-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။

ဘူးသီးတောင် အကျဥ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/ အကျဉ်းသူ (၁၂၄)ဦးလွှတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၂၈/၂၀၂၃ ဖြင့်ရာဇဝတ် ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရနိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဥ်းသား/အကျဉ်းသူ လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည်(၁၂) နာရီအချိန်က ဘူးသီးတောင်မြို့ အကျဥ်းဦးစီးဌာနမြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်