ဘူးသီးတောင် ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၂၈/၂၀၂၃ ဖြင့်ရာဇဝတ် ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရနိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဥ်းသား/အကျဉ်းသူ လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည်(၁၂) နာရီအချိန်က ဘူးသီးတောင်မြို့ အကျဥ်းဦးစီးဌာနမြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှုး အောင်ကျော်ကျော်တို့က လွှတ်မြောက်လာသော အကျဥ်းသား/သူများအား ဆုံးမသြဝါဒစကားပြောကြားသည်။
ထို့နောက် ဘူးသီးတောင်အကျဥ်းထောင်မှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးလှိုင်က အမှာစကားပြောကြားပြီး လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား ထောင်ထွက်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။
ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား(၇၆)ဦး၊ အကျဉ်းသူ(၄၈)ဦး စုစုပေါင်း (၁၂၄)ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)