မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမတွင် ကျန်းမာရေးဌာနဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိသည်။