ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေး

ပေါက်တော ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်တော-တောင်ညိုအထွက်လမ်းရှိ စက်သုံးဆီဆိုင်တန်းများအား ယမန်နေ့နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး  ဦးစိန်ကျော်လှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေါက်တော-တောင်ညိုအထွက်လမ်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဆိုင်ဘုတ်များထားရှိစေရေး၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိအသုံးပြုတတ်စေရေး စသည့် ဆောင်ရန်/ရှောင်ရန်တို့ကို အကြံပြု ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)