အမ်း ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ တပ်တောင်မြို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန် အမှတ် ၃ ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် တပ်တောင်မြို့အတွက် ခွဲတမ်းရရှိသည့် Sinopharm 125 Dose အား ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် booster အဖြစ် ထိုးနှံပပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်လျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)