အမ်း ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကဆုန်ညောင်ရေ သွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူများ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲကို ဂိမှာနဟု ဆိုအပ်သော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူ ခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည်။
ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ် ရေးမှူး ဦးသန်းဝင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်တို့က ကဆုန်ညောင်ရေ သွန်းပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဆုန်ညောင် ရေသွန်းပွဲကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းရန်၊ အခမ်းအနားပြင်ဆင်ရေး၊ ဆောင် ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဆရာတော်များ ပင့်ဖိတ်ရေး၊ ဝတ်အသင်းများ ဆောင်ရွက်ထားရှိမှု၊စတုတီသာ ဧည့်ခံကျွေမွေး ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူများက ညောင်ရေသွန်းပွဲတော်အား နှစ်စဉ်ဆောင် ရွက်မှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ကဆုန်ညောင် ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တင်ပြချက်များအပေါ် ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)