ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဂွမြို့၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေး လုပ်ငန်းများအား ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကြွေချိုင်ကျေးရွာရှိ ဒေသခံပြည်သူများက ဓမ္မဒက္ခိဏ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခိုလှုံလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့၊ နေ့လယ် (၁၂)နာရီက မုန်တိုင်းအန္တရာယ် ကျရောက်လာနိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မာန်အောင်မြို့နယ်၌ မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)နှစ်ထက် ဘိုးဘွားများအား မုန်တိုင်းခိုလုံရာနေရာသို့ ကြိုတင်ရွှေ့ပြောင်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)နှစ်အထက် ဘိုးဘွားများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ညနေပိုင်းက ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ရသေ့တောင်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌  မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၆ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။

ပေါက်တောမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမ်းမြို့၌ သဘာဝဘေးအန္တရာယ်ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များ မြို့တွင်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ဦးဆောင်မှုဖြင့်ကျင်းပသည့် သဘာဝဘေးအန္တရာယ် ကင်းစင်ရေး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ပွဲကို ​ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ်ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

ကျောက်ဖြူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ (ကျောက်ဖြူ)ဘိုးဘွားရိပ်သာသို့ သွား‌ရောက် ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့သည် မုန်တိုင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါအဖွဲ့သည် (ကျောက်ဖြူ) ဘိုးဘွားရိပ်သာသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဘိုးဘွားရိပ်သာကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးသည်။
Subscribe to ရခိုင်ပြည်နယ်