ရခိုင်ပြည်နယ်

တောင်ကုတ်မြို့နယ်၌ တိုင်းရင်းဆေးပညာဖြင့် အဘိုးအဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ရွှေမေတ္တာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မိုးရာသီကာလအတွင်း လှူဖွယ်ဝတ္ထုများ ပိုမိုပြည့်စုံ လုံလောက်မှု ရှိစေရန်အတွက် မကျေးငူကျေးရွာရှိ မင်္ဂလာရာမ တောင်ပေါ်ကျောင်းနှင့် ရွာမရပ်ကွက်ရှိ ညောင်ဝိုင်း ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့် အခြားလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်များ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ဇွန်လ ၆ ရက်နေ့လယ်ပိုင်းက စတင်ပြီး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ ညနေပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များတွင် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာ၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ် ကြီးဝေတိုးသူဦးဆောင်သော ဆေးကုသရေးအဖွဲ့ လာရောက်၍ ယနေ့ နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင် အခြေပြု၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း PPTT အမှတ်စဉ်(၉/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေး အတွက် လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား(၅၇၆)ဦးဖြင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားတိုင်များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပြီးစီးခဲ့ပြီး၊ ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ရှိ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ လျှပ်စစ်မီး ရောက်ရှိခဲ့ပြီး၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူနှင့် ဝန်ထမ်းများက မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေးစီစစ်လျက်ရှိသည်။

မိုင်းဆတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေပေါင်း (၉၀၀၀)ကျော် တက်ရောက်ပညာသင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများအားလုံးဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိရာ ဇွန်လ(၈)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၉၀၀၀)ကျော် စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများအား ဆေးကုသပေးနေမှုများ သွားရောက်ကြည့်ရှုပြီး မိုခါမုန်တိုင်းကြောင့် အမိုးလ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀း၀၀) အချိန်က ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများသို့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇောဘာသအားဖူးမျှော်ကာ ဩဝါဒခံယူပြီး မိုခါမုန်တိုင်းကြောင့် အမိုးလန် ပျက်စီးသွားသော လမ်းမဘုန်းတော်ကြီးကျောင်း၊ ရွာမဘုန်းတော်ကြီးကျောင်း၊ လေးမျက်နှာတောရဘုန်းတော်ကြီးကျောင်း၊ သာသနာ့ရိပ်သာဘုန်းတော်ကြီး ကျောင်း၊ ရွှေဗိမ္မာန်ဘုန်းတော်ကြီးကျောင်း၊ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း၊ နန္ဒဝံတပ်ဦးဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာမြို့ဦးဘုန်းတော်ကြီးကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းတို့အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်၊ ဆန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများထံသို့လှူဒါန်းသော နဝကမ္မငွေသားများ ကျောင်းထိုင်ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယနေ့ညနေပိုင်းက အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်