တောင်ကုတ်မြို့နယ်၌ တိုင်းရင်းဆေးပညာဖြင့် အဘိုးအဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

တောင်ကုတ်  ဇွန်  ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ရွှေမေတ္တာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းလှိုင် နှင့်ဝန်ထမ်းများက ဘိုးဘွားရိပ်သာရှိ အဘိုး(၁၃)ဦး ၊ အဘွား(၂၀)ဦး စုစုပေါင်း(၃၃)ဦးတို့အားသွေးပေါင်ချိန်ခြင်း၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါခံစားနေရသူများအတွက်ဆေးလိမ်းပေးခြင်းနှင့်အတူ အခြားသော ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)