ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများအား ဆေးကုသပေးနေမှုများ သွားရောက်ကြည့်ရှုပြီး မိုခါမုန်တိုင်းကြောင့် အမိုးလ

ဘူးသီးတောင် ဇွန် ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀း၀၀) အချိန်က ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ပြည်သူလူထုများသို့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးကုသပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လမ်းမဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇောဘာသအားဖူးမျှော်ကာ ဩဝါဒခံယူပြီး မိုခါမုန်တိုင်းကြောင့် အမိုးလန် ပျက်စီးသွားသော လမ်းမဘုန်းတော်ကြီးကျောင်း၊ ရွာမဘုန်းတော်ကြီးကျောင်း၊ လေးမျက်နှာတောရဘုန်းတော်ကြီးကျောင်း၊ သာသနာ့ရိပ်သာဘုန်းတော်ကြီး ကျောင်း၊ ရွှေဗိမ္မာန်ဘုန်းတော်ကြီးကျောင်း၊ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း၊ နန္ဒဝံတပ်ဦးဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာမြို့ဦးဘုန်းတော်ကြီးကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၈) ကျောင်းတို့အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်၊ ဆန်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများထံသို့လှူဒါန်းသော နဝကမ္မငွေသားများ ကျောင်းထိုင်ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် ညနေပိုင်းတွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦနှင့် ပညာရေး အဆောက်အဦများအား ပြန်လည်ပြုပြင်ရာတွင် အသုံးပြုမည့် သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်ထောက်အထွေထွေမန်နေ ဂျာ ရောင်း/စက်ဌာန မောင်တောမြို့မှပေးပို့သည့် သစ်များရောက်ရှိနေမှုအား သွားရောက်စစ်ဆေးကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် လေဘေးသင့်များအားထောက်ပံ့ရန် ကုလားတန် (၃) သဘောဖြင့် ရောက်ရှိလာသော ဆန် (၃၈၃၆) အိတ်အား တပ်မတော်သားများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၃)/(၈) မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်းကာ မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာ ဂိုဒေါင်သို့ ရွှေ့ပြောင်းနေမှုအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားပြီး ဆန်အိတ်များ သတ်မှတ်အရေအတွက်ပြည့်မီရေးနှင့် မိုးရွာသွန်းမှု ကြောင့် ဆန်အိတ်များ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြီးကြပ်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)