ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိများလေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသည့်ထောက်ပစ္စည်းများ ရောက်ရှိမှုအခြေအနေများအား သွားရောက် စစ်ဆေးကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ အချိန်က ဘူးသီးတောင်မြို့နယ် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံး သူရေးရာဦးစီးဌာနဂိုဒေါင်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ရန်ရောက်ရှိလာသည့် သွပ်၊ သံ၊ ရေဗူး၊ ခေါက်ဆွဲခြောက်များနှင့် အမယ်စုံပစ္စည်း(၂၀)မျိုးအား ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများအား လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးစနစ်တကျဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ထောက်ပံ့လှူဒါန်းရန်ကျန်ရှိသည့် ဘုန်းတော်ကြီးကျောင်း (၆၃) ကျောင်းအား အမြန်ဆုံး ထောက်ပံ့လှူဒါန်းနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မီးသတ်တပ်ခွဲ လေးခွဲ၊ အင်အား (၄၆၄) ဦး စေတနာ့ဝန်ထမ်းပရဟိတ အင်အား (၈၅) ဦး၊ စုစုပေါင်း (၅၄၉) ဦးဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အတွင်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းပရဟိတ အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပေါက်တောမြို့နှင့် ရသေ့တောင်မြို့နယ်များတွင် ရှင်းလင်းရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးနှင့် ပဲခူးတိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်ခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်တို့အား တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။

ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့်စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် စံပြကွက်များ ပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ပြည်သူများအား ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုခြင်းနှင့် မိုခါမုန်တိုင်းပျက်စီး၊ ဆုံးရှုံးသွားသည့် ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)အချိန်က ဘူးသီးတောင်မြို့ တောင်ရပ်ကွက်ရှိမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဆေးခန်း၌ မိုခါမုန်တိုင်းကြောင်း ပြည်သူ့ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်သောကလေး အထူးကုဆရာဝန်ဦးဆောင်သောအဖွဲ့၊ ဘူးသီးတောင်တပ်နယ်မှ အထူးကု ဆေးကုသရေးအဖွဲ့၊ ဘူးသီးတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များအဖွဲ့တို့နှင့်နယ်လှည့်ဆေး ကုသရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူလူထုများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုပြီး ဆေးကုသနေသည့်ပြည်သူများအား အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။

မင်းပြားမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ဗိုလ်မှူးချုပ်ခင်ဇော်ကြည့်ရှုအားပေး စကားပြောကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင်သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်အသီးသီးတွင် တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။

ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်များ ထိုးနှံရမည့် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ဇွန်လ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ (ဂွမြို့)၊ ကျိန္တလီတိုက်နယ်ဆေးရုံဝင်း၊ ဆပ်သွား၊ ကုလားပြင်၊ ညောင်ချောင်း၊ တောင်ပေါက် ကျေးရွာများရှိ ကျေးလက်ကျန်းမာ ရေးဌာနတို့တွင်ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီမှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်သည်။

ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်ဖူးမြော်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လာရောက်ဖူးမြော်ကာ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့ အဆောက်အအုံများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ နယ်လှည့်အထူးကုအဖွဲ့(ဧရာဝတီ)မှ ဒေါက်တာဝေယံကို (အထွေထွေကုသမားတော်)ဦးဆောင်သော ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ၊ ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပုဏ္ဏားကျွန်းမြို့နယ်ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်