ကျောက်ဖြူ ဇွန် ၁၃
ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ တိုးချဲ့ရပ်ကွက်ရှိ ဓမ္မိကာရုံပရဟိတဘုန်းတော်ကြီးကျောင်း တိုက်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်ရှိ အောင်မင်္ဂလာပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ၎င်းကျောင်းတိုက်များအတွင်း ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ခရိုင်တရားသူကြီးရုံးအတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့၊အမှတ်(၆)မှ အရာရှိ၊ စစ်သည် များ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)