မင်းပြား ဇူလိုင် ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၄) သင်တန်းအစည်းဝေး ခန်းမ၌ ဇူလိုင် ၆ ရက် မွန်းလွှဲ ၁ နာရီက လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မီမီစံက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက နယ်စပ်ဒေသ တိုင်းရင်းသား အမျိုးသမီးလူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်ပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဥ် (၄) သို့ တက်ရောက်နေသည့် သင်တန်းသူ မယုယုလှိုင်၊ မချယ်ရီသန်းတို့က စက်ချုပ်လက်မှု ပညာရပ်အကြောင်း ကိုလည်းကောင်း၊ မငြိမ်းငြိမ်းဌေးနှင့် မလှလှဝင်းတို့က လူငယ်များ၏အနာဂတ်ပန်းတိုင် ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းတွင် အသီးသီးပါဝင် ဆွေးနွေးကြကြောင်း သိရသည်။
သောင်းရွှေ(ပြန်ဆက်)