ရခိုင်ပြည်နယ်

ကျောက်တော်မြို့ ကစ္ဆပနဒီခန်းမ၌ ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း စုပေါင်းဆင်ယင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာ) အခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်ပုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဥပုသ်သီလဆောက် တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်သူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊‌ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့ နေ့လယ် ၁ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက်ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ် ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကောင်းမှုဒါန ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပွဲသို့ ကြွရောက်ကြသည့် ဆရာတော်ကြီးများအား ပို့ဆောင်ပူဇော်၊ တည်နေဆာက်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက

အမ်းမြို့၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းများကပ်လှူခြင်း နှင့်ဘုန်းတော်ကြီးကျောင်းများ၌ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက်ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မြို့ပေါ်နှင့်မြို့နီးကျောင်း(၂၆)ကျောင်း၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအုပ်စုများ ရှိဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းနှင့် သာသနိက အဆောက်အဦများတွင် သန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကာ ဝါဆိုသ င်္ကန်းများနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ခြင်းများကိုယမန်နေ့မှစ၍ ကပ်လှူ ပူဇော်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ် လေယာဥ်ကွင်းရပ် ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လေယာဥ်ကွင်းရပ်ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်း  

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး များအား ဆရာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။
Subscribe to ရခိုင်ပြည်နယ်