ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့ နံသာတောင်ပညာဒါနပရဟိတကျောင်း၏  ၁၂ ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ နံသာတောင်ပညာဒါနပရဟိတကျောင်း၏  ၁၂ ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဖြူအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၄/၂၀၂၃)အရ တရားရုံးစစ်ဆေးဆဲ အချုပ်သားများလွှတ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁-၈-၂၀၂၃ ရက်စွဲပါ အမိန့်အမှတ်၊ ၅၄/၂၀၂၃၊ ကြားနာ စစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းအမိန့်ဖြင့် လွတ်လာသူများကို လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာ၌ ပင်လယ်ဒီလှိုင်းမြင့်တက်မှုကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ နေအိမ်များ ရွှေ့ပြောင်းခဲ့ရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာ(အောင်မင်းချောင်)အပိုင်းတွင် ပင်လယ်ကမ်းစပ်အနီးရှိ လူနေအိမ်(၃၀)မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း မြင့်တက်ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ ကြိုတင်ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့၌ ပဥ္စမအကြိမ်မြောက် ဓမ္မစကြာ ရွက်ဖတ်ပူဇော်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ဓမ္မစကြာ ဝတ်ရွတ်အသင်းအဖွဲ့များ စုံညီစွာဖြင့် စုပေါင်းဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ညနေ (၆) နာရီ အချိန် က သာသနာ့ဗိမာန် မြို့မဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ မွေးစမှ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်အောက် မွေးကင်းစ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက် ရှိ​သည်။

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၅၁ ဦးလွှတ်ပေး

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်(၅၁/၂၀၂၃)အရ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ ၅၁ ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။

သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်

သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်‌ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်း‌ဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူ များသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်