ကျောက်တော် ဩဂုတ် ၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်ပုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဥပုသ်သီလဆောက် တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်သူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။
ယနေ့သည် ဝါဆိုလပြည့် ဓမ္မစကြာနေ့သည် ဗုဒ္ဒဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အတွက် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်ကြီးများထံမှ ရှစ်ပါးသီလကို ခံယူဆောက် တည်ကြပြီး ဓမ္မစကြာ တရားဦးတရားမြတ်တို့ကို နာယူလျက် ရဟန်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဥပုသ်သီလဆောက်တည်ကြသူများက ဝါဆို သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း