ပေါက်တော သြဂုတ် ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်အောက် မွေးကင်းစ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ပေါက်တော မြို့ပေါ် (၅) ရပ်ကွက်မှ မွေးစမှ အသက် (၂) နှစ်အောက် ကလေးများအား ဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးရက်များအလိုက် ကာကွယ်ဆေးများ ပုံမှန် ထိုးနှံ/တိုက်ကျွေး ခြင်း၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) တို့ကို ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်