Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကောလင်းမြို့နယ်၌ စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကျင်းပ
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ညောင်ပင်သာအုပ်စု၊ သရက်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကိုရီးယားသာသနာပြုဆရာတော် အရှင်သုဝဏ္ဏပညာရေးဖောင်ဒေးရှင်း ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲအထိမ်းအမှတ် စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲကို ယမန်နေ့ ည ၆ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာမူလတန်းကျောင်းများသို့ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်း
Feb 23,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် နေပုညသင်္ဂဟပညာရေးထောက်ပံ့အသင်းမှ စာရေးကိရိယာများကို လစဉ်လှူဒါန်း ထောက်ပံ့ပေး လျက်ရှိရာ ယနေ့ (၈၃)ကြိမ်မြောက်အဖြစ် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပွဲကို ဘေးမဲ့ကျေးရွာ၊ ကံဘဲ့ကျေးရွာနှင့် ပေါက်တော ကျေးရွာများရှိ အခြေခံပညာမူလတန်း ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်သူ့ဝန်ဆောင်မှု(OSS)လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Feb 23,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Feb 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁) ကျောင်းသားဟောင်းများအသင်းမှ ကြီးမှူးကျင်းပသော ပူဇော်ခံ ဆရာကြီး/ ဆရာမကြီးများအတွက် (၁၇၂) ကြိမ်မြောက် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် (၇) နာရီခွဲ က အ.ထ.က(၁) မြတ်ခရေခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကျင်းပ
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကျေးရွာသူ/သားများ ဆင်းရဲမှုလျှော့ချရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာငွေတိုက်ထူထောင်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဘူတာ ကျေးရွာဘက်စုံသုံးခန်းမတွင် ပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်ရေလျှံဇုန်အတွင်း ပုဂ္ဂလိကပိုင်စိုက်ပျိုးရေတွင်းနှင့် သောက်သုံးရေတွင်း(၁၁၀၀)ကျော်ကို ယခုဘဏ္ဍာနှစ်တွင် အထောင်ပိုက်နှင့် ဂိတ်ဘားများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
Feb 23,2020
ယင်းမာပင်ရေလျှံဇုန်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေတွင်းများနှင့် သောက်သုံးရေတွင်း (၁၁၀၀)ကျော်အား မြေအောက်ရေ အလေအလွင့်မရှိစေရေးနှင့် ရေကို စနစ်တကျအသုံးပြုကာ ထိန်းသိမ်းတတ်လာရေးအတွက် ရေလျှံတွင်းများအား အထောင်ပိုက်များနှင့် ရေဂိတ်ဘားများ တပ်ဆင်ပေရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းမာပင်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်ဦးစီး မှူး ဦးမောင်မောင်သန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ်၊ ရဲလှကျေးရွာတွင် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 23,2020
စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲကို ယနေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ကြီးမှူး၍ ရဲလှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာတွင် ပြည်သူ့စကားဝိုင်း ကျင်းပမည်
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကုန်းကျောင်း ဓမ္မာရုံ၌ ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် ကျင်း ပပြုလုပ်သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
363
Page
364
Page
365
Page
366
Current page
367
Page
368
Page
369
Page
370
Page
371
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department