ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 23,2020
ဒိန်းမတ်- မြန်မာလူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။
Feb 23,2020
ကျေးလက်ဒေသနေပြည်သူများ အသိပညာတိုးပွားရေးနှင့် လူမှုစီးပွားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲနှင့် ဌာနဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်က မြန်အောင်မြို့နယ် ရှားတောကျေးရွာအုပ်စု တယ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Upper KMN) မှ ဦးဆောင်၍ ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးသူငယ် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
Feb 23,2020
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှုဖြင့် မီးသတ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်မှုကို ယနေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်၊ ဒေးဝန်းနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
Feb 23,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ (၁၀၁) လမ်းတွင် “ လူချစ်နတ်ချစ် ၁၀၁ “ နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 23,2020
"လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ကုသိုလ်တော် လမ်း ၊၆၅လမ်းနှင့်၆ ၆လမ်းကြားရှိ ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
Feb 23,2020
▲ တရားရုံးသတင်းအချက်အလက်ရယူမှုဆိုင်ရာနားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပမည် ▲ တရားရုံးသတင်းအချက်အလက် ရယူမှုဆိုင်ရာ နားလည်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူယာဟိုတယ်တွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၂ နာရီ အချိန်က မြို့နယ်စာရေးဆရာအသင်း ၊စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ ဟိန်းလတ်၏ "မှတ်ညဏ်ရင့်သန် ထက်မြက်စေရန် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။