Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းဆွဲမြူအိုး အမြောက်အများရောင်းချရခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်
Feb 22,2020
ထန်းဆွဲမြူအိုးများအား နတ်တော်လမှစတင်ပြုလုပ်ကြပြီး တစ်ရက်လျှင် နှစ်သောင်းငါးထောင်လုံးထိ ထန်းဆွဲမြူအိုးပြုလုပ်ရောင်းချရကြောင်း၊ ထန်းဆွဲမြူအိုးတလုံးလျှင် (၁၂၀)ကျပ် ရောင်းချရပြီး နတ်တော်၊ပြာသို၊တပိုတွဲသုံးလအတွင်း ထန်းဆွဲမြူအိုး အလုံးရေ နှစ်သိန်းခွဲကျော် ပြုလုပ်ရောင်းချရပြီး တောင်ကုန်းကျေးရွာအထိလာရောက်ဝယ်ယူကြကြောင်း အိုးထွင်းပညာရှင် ဒေါ်စန်းယုံကပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 22,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်း (၃) လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနငွေလုံးငွေရင်း ခွင့်ပြရန်ပုံငွေ (၁၀၄ ဒဿမ ၄၃) သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အနက် စခန်းကြီးကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၁/၂မိုင်)နှင့် ပေါက်ပင်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်မှု (၀/၄မိုင်) ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်းပန္နက်တင်ပွဲပြုလုပ်
Feb 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှောင်လမ်းဘေး၊ ဖောင်ရွာရပ်ကွက်အနီး ယခင် သုဿန်ဟောင်း မြေနေရာအား အဝေးပြေးယာဉ်ရပ်နားစခန်းပြုလုပ်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီက ပန္နက်တင် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းမင်းဇော်တို့က အမှာစကားများ ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၌ e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Feb 22,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီ အချိန်က e-Government အထောက်အကူပြု e-Office System အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်ရှိ ကုန်ထုတ်မြေသားလမ်း ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Feb 22,2020
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော လက်ပံဘုအနောက်ကျေးရွာရှိ ကုန်ထုတ်မြေသား လမ်းနှင့်တံတား (Box Culvert) (၂) စင်း၏ လုပ်ငန်း ဆောင်ရွက် နေမှုအား ယမန်နေ့ မွန်းလွဲ ၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Feb 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် တရားရုံးဝင်းအတွင်းရှိ တရားရုံးအဆောက်အဦ၏ နောက်ကျောတွင်ရှိသော သက်သေခံဆိုင်ကယ်များထားရှိသည့် အဆောင်တွင် ယနေ့ နံနက် ၁ နာရီ ၁၂ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါ - ပုလဲ - မုံရွာကားလမ်းတွင် အိမ်ဆောက်ပစ္စည်းတင်သည့် မော်တော်ယာဉ် တစ်စီး တိမ်းမှောက်
Feb 22,2020
ဂန့်ဂေါ- ပုလဲ- မုံရွာကားလမ်း ၈၀/၇ နှင့် ၈၁/၁ ကြား စင်းစယ်ကျေးရွာအနီးတွင် မုံရွာမြို့ဘက်မှ ဂန့်ဂေါ - ဟားခါး မြို့ဘက်သို့ အိမ်ဆောက်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ဟီးနိုးအပြာရောင်ယာဉ်တစ်စီးသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်တားဆီး ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
Feb 22,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်ကြိုတင်တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် ရပ်ကွက်ပြည်သူများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက အောင်မင်္ဂလာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး အနီးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
367
Page
368
Page
369
Page
370
Current page
371
Page
372
Page
373
Page
374
Page
375
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department