Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ချီဖွေမြို့ စည်ပင်သာယာ စျေးအတွင်း စျေးရောင်း စျေးဝယ်များ နှာခေါင်းစည်း (Mask )တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 25,2020
ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ချီဖွေမြို့နယ် အတွင်းရှိ စည်ပင်သာယာစျေးအတွင်း စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုမရှိသူများကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက နေ့စဉ် လိုက်လံစစ်ဆေး အရေးယူမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Aug 25,2020
ကျောင်းသား လူငယ်လူရွယ်များ စာပေဗဟုသုတ တိုးပွားစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်မြို့၌ အသက်(၆)လမှ အသက်(၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေး
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု(၁၇၁၂)စုအတွက် နိုင်ငံတော်မှဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီ ထောက်ပံ့ငွေပေးအပ်
Aug 25,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဒေသအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများဖြစ်သည့် အိမ်ထောင်စု(၁၇၁၂)စုတို့အတွက် နိုင်ငံတော်မှ ဒုတိယအကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းစီကို ယနေ့နံနက်(၉)နာရီက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ကျွဲ၊နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လကုန်ထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀)ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 25,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် (၂၀၂၀ )ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌မြန်မာနိုင်ငံ ကြက်ခြေနီ၊ ကြက်ခြေနီအသင်းခွဲ ဆိုင်ရာစွမ်းဆောင်ရည်ဆန်းစစ် အကဲဖြတ်ခြင်း (BOGA) သင်တန်းဖွင့်လှစ်
Aug 25,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းရုံးချုပ်နှင့် ကချင်ပြည်နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီခွဲအချိန်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသင်းခွဲဆိုင်ရာ စွမ်းဆောင်ရည်ဆန်းစစ်အကဲဖြတ်ခြင်း (BOGA) သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့(MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်
Aug 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL)မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
224
Page
225
Page
226
Page
227
Current page
228
Page
229
Page
230
Page
231
Page
232
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department