Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီ ပထမအကြိမ်တွေ့ဆုံခြင်းနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲအတည်ပြုနိုင်ရေး ဆွေးနွေး
Aug 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီအတွင်း လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများ၊ ကော်မတီအတွင်း ဆပ်ကော်မတီဖွဲ့စည်းခြင်းနှင့် ဆပ်ကော်မတီ၏ လုပ်ငန်းတာ၀န်နှင့် ၀တ္တရားများ ရေးဆွဲကာ အတည်ပြုနိုင်ရေးအတွက် ခရိုင်လူငယ်ရေးရာ ကော်မတီ၀င်များ ပထမအကြိမ် တွေ့ဆုံခြင်းနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းတာ၀န်များ ရေးဆွဲအတည်ပြု ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထများအား စစ်တမ်းကောက်ယူ
Aug 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ တောင်သူများ၏ သီးနှံပင်အာဟာရဓာတ် ဖြည့်တင်းမှု အလေ့အထ များအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စစ်တမ်းကောက်ယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Aug 25,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင် ရုံးများနှင့် ဟားခါးမြို့ အများပြည်သူ သွားလာသည့် လမ်းမကြီးများဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက်ပေးခဲ့ပြီးနောက် ဟားခါးမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိရေး၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ လမ်းညွှန်ရှင်းလင်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပခဲ့ရာ ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးမြင့်ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထလာကီးယိုလျန်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထောင်ဇဆန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ မဲစာရင်းပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 25,2020
ချင်းပြည်နယ်၊ ကျီခါးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အိမ်ထောင်စုအလိုက် သတ်မှတ်ကုတ်နံပါတ်များနှင့် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များမှ ယမန်နေ့နံနက်၇ နာရီအချိန်က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ အရန်မီးသတ်တပ်ဖွဲ့ အကြို သင်တန်းဖွင့်လှစ်
Aug 25,2020
ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖလမ်းမြို့နယ်၊ ခေါ်ပွာလ်ကျေးရွာ၌ ဖွင့်လှစ်သည့် အရန်မီးသတ် တပ်ဖွဲ့အကြို သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ခန်းမ၌ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Aug 24,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွန်းဇံမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် မဲစာရင်းတိကျမှန်ကန်မှုရှိစေရန် မဲစာရင်းစိစစ်ရေးအဖွဲမှ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
Aug 24,2020
ချင်းပြည်နယ်၊တီးတိန်မြို့တွင် အမှတ် (၁၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ချင်း)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၀၃)တပ်ဖွဲ့စိတ် (တီးတိန်)မှ ယာဉ်ထိန်းရဲအုပ် လန့်အင်းခွာလ် ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်ဂျန်းယန်၌ အသက်(၆)လမှ အသက်(၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေး
Aug 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin A နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ပြည်သူ့ဆေးရုံ၌ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
225
Page
226
Page
227
Page
228
Current page
229
Page
230
Page
231
Page
232
Page
233
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department