Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဝိုင်းမော်မြို့နယ်၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမှ သစ္စာစီမံချက်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်မှုကို ဩဂုတ်လ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီက ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP) အစီအစဉ် အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ
Aug 28,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေ:ကုစားမှု (CERP)အစီအစဉ်အရ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်တွင် ဟားခါးမြို့၊ မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဦးကြည်လှိုင်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးငင့်ဇဘွင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်နှင့် မြို့နယ်လယ်ယာစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ ထောက်ပံ့ပေးအပ်မည့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့ အဝင်/အထွက် ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး စစ်ဆေးခြင်းများ ပြန်လည်ဆောင်ရွက်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်များကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများကို ပြန်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ ၂၀၂၀ ပြည့်နှစ် အာဟာရရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနား ပြုလုပ်
Aug 28,2020
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တီးတိန်မြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်း၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကျင်းပ
Aug 27,2020
ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟားခါးမြို့၊ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ဟားခါးခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်လူမှု အဖွဲ့အစည်းများနှင့် NGO အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား အခုဝယ် အခုတပ် ဒဏ်ရိုက်စနစ်ဆောင်ရွက်
Aug 27,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူများ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား အခုဝယ်အခုတပ် ဒဏ်ပေး စနစ်ဖြင့် ယမန်နေ့ ညနေ(၃)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွယ်ဂျယ်စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် Masks များအခမဲ့ဖြန့်ဝေ
Aug 27,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့စျေးအတွင်း၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးပြောကြားပြီးMasks များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Aug 27,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာ နေရာများဖြစ်သော စည်ပင်သာယာစျေးအတွင်း ယနေ့နံနက် ၆ နာရီတွင် စျေးရောင်း/ဝယ် လာသော ပြည်သူအများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
220
Page
221
Page
222
Page
223
Current page
224
Page
225
Page
226
Page
227
Page
228
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department