ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၇၅)စုအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက (၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈) နာရီက ပြုလုပ်ခဲ့သည်။
Aug 28,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
Aug 28,2020
ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economonic Relief Plan(CERP)အရ Covid-19 ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ချမှတ်ထားသောပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ကုစား ပေးနိုင်ရန် အတွက် Cash for work စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အလယ်ပိုင်း ကျေးရွာ အုပ်စု၊ မြောက်ရွာကျေးရွာသို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစောဒီးဒီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
Aug 28,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ တွင် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
Aug 28,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၆)နာရီတွင် မြို့နယ်စည်ပင် သာယာရေး စျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ပြုလုပ်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကမ်းနားလမ်းယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီ Mask တပ်ဆင်ရေး အသိပညာပေး ပြောကြားပြီး Mask များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့သည်။