နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ ကို နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိရာတွင် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ ဖွံ့ဖြိုးတိုးတက် ရေးကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့စီးပွားရေးတွင် MSME များသည် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့ နိုင်ငံ၏ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်လည်း အသေးစား၊ အငယ်စား မှ စတင်အခြေတည်ကာ အလတ်စားနှင့် အကြီးစားလုပ်ငန်း များအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရမည်ဖြစ်သည့် အလျောက် MSME များ ခိုင်မာအားကောင်းလာစေရန် လိုသည်။
လက်ရှိကာလ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အားလုံးတို့တွင် MSME လုပ်ငန်း စုစုပေါင်း ၃၈၉၂၉ ခုကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက MSME အဖွဲ့ဝင်ကတ်ထုတ်ပေးထားသည်။ ၂၀၁၇ ခုနှစ်တွင် ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံ MSME စီးပွားရေးလုပ်ငန်း ကုန်ထုတ်လုပ်မှု စစ်တမ်းအရ ထုတ်လုပ်မှုလုပ်ငန်းအများစုသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိပြီး တောင်ပိုင်းကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် နည်းပါးကြောင်းနှင့် စားသောက်ကုန်လုပ်ငန်း သည် ထုတ်လုပ်မှုကဏ္ဍ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရ သည်။ ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေမှာလည်း တီထွင် ဆန်းသစ်မှုလွန်စွာနည်းပါးပြီး နည်းပညာအရလည်း နိမ့်ပါး ကြောင်း၊ လုပ်ငန်းအများစုသည် လက်ဖြစ်ကိရိယာများကို အသုံးပြုပြီး စက်ယန္တရားအဟောင်းများနှင့် တစ်ပတ်ရစ်စက် များကို မှီခိုလုပ်ကိုင်နေရကြောင်း၊ ပြည်ပမှတင်သွင်းသည့် စက်ပစ္စည်းနှင့် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်း ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ သို့ဖြစ်၍ ဈေးကွက် လက်လှမ်းမီနိုင်သည့် နိုင်ငံတကာအဆင့်အတန်းမီမှု လွန်စွာ နည်းပါးကြောင်းတို့ကို စစ်တမ်းက ဖော်ပြထားသည်။ ထို့အပြင် MSME လုပ်ငန်းများအားလုံး လျှပ်စစ်မီးနှင့် ရေပေးဝေရေးစနစ် မှ ဖြန့်ဝေသည့်ရေတို့ကို အပြည့်အဝမရရှိဟုလည်း ဆိုသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းဒေသ ကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတို့သို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သွားရောက် တွေ့ဆုံ၍ ဆွေးနွေးပွဲ ၂၄ ကြိမ် ပြုလုပ်ခဲ့သည်။ ဒေသအသီးသီးမှ MSME လုပ်ငန်းရှင်များ၏ တင်ပြချက်များတွင် နည်းပညာ၊ ငွေကြေး၊ ဈေးကွက်၊ မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြား ဟူ၍ ကဏ္ဍအလိုက် တင်ပြချက်စုစုပေါင်း ၂၅၈ ချက်ရှိပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ အေဂျင်စီများက အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။
“MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးကြီးသည်မှာ ကုန်ကြမ်းများ၊ သွင်းအားစုများပြည့်မီစွာ ရရှိရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးမှ ရရှိ သည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် သေချာသည့် ကုန်ထုတ်လုပ်ငန်းပင် ဖြစ်သဖြင့် ကုန်ကြမ်းများကို နည်းပညာများအသုံးပြု၍ အရည် အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ကုန်ကြမ်းသာမက အခြားလိုအပ်သည့် သွင်းအားစု များ၊ အရင်းအနှီးများ ရရှိရေးအတွက်လည်း ဖန်တီးပေးနိုင်ရ မည်ဖြစ်ကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် စဉ်(၂/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
သို့ဖြစ်ရာ ပြည်တွင်း စိုက်ပျိုးမွေးမြူရေးမှရရှိသည့် ကုန်ကြမ်း များကို နည်းပညာများအသုံးပြု၍ အရည်အသွေးကောင်းမွန် သည့် ဈေးကွက်ဝင်ထုတ်ကုန်များထုတ်လုပ်ကာ ပြည်တွင်း ပြည်ပ ဈေးကွက်များတွင် အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။
Remark Type