မြန်မာ့အလင်းအယ်ဒီတာအာဘော်

ပြည်သူ့အားဖြင့်ကာကွယ် မီးအန္တရာယ်

 

ပြီးခဲ့သည့်နှစ်က ဇန်နဝါရီလ တစ်လတည်းအတွင်းမှာပင် နိုင်ငံ တစ်ဝန်း  မီးလောင်မှု  ၁၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး  ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ငွေ ခုနစ်ဘီလီယံခန့်ရှိခဲ့သည်။ ဤသည်မှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု ၁၄၉၉ ကြိမ် ဖြစ်ပွားခဲ့ရာ တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် ၆ ဒသမ ၇ ဘီလီယံ ကျော်ထက်ပင် ပိုမိုနေခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့်ပျက်စီး ဆုံးရှုံးမှုသည် ပမာဏအားဖြင့် ကြီးမားသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်    အဟန့်အတားဖြစ်စေနိုင်သည့်အပြင် အများပြည်သူအတွက်လည်း ဥစ္စာပစ္စည်းဆုံးရှုံးမှုကိုရော အသက် ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေနိုင်သည်။

လက်တွဲမဖြုတ်စတမ်း ကြံ့ကြံ့ခံကျော်လွှားဖြတ်သန်း

 

မကြာမီ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ ကျရောက် လာတော့မည်ဖြစ်သည်။ တောင်ပေါ်မြေပြန့် တစ်စည်းတစ်လုံး၊ တညီတညွတ်တည်းစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ သော်ငြား ဘိုးဘွားတို့၏ ထိုစိတ်ဓာတ်ကို အနာဂတ်သို့ ပခုံးပြောင်း သယ်ဆောင်ရာတွင်မူ    ပေါင်းစည်းမှုအားတို့    လျော့ပါးခဲ့သည်။ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ်တာကာလသို့ ရောက်ရှိ လာပြီဖြစ်သည့် ယနေ့ကာလတွင်မူ မိမိတို့နိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်အရေးထက် နိုင်ငံမပြိုကွဲ၊ မပျက်စီးစေရန်ပင် စိုးရိမ်ပူပန်ရသည့်အခြေသို့ ရောက်ရှိနေပြီဖြစ်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုနှင့် Vape ၊ ရှီရှားသုံးစွဲမှုများပါရှောင်

 

မကူးစက်နိုင်သောရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေသန်း ၄၀ ကျော် သေဆုံးနေကြရသည်။ မကူးစက်နိုင် သောရောဂါများဆိုသည်မှာ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေး တိုးရောဂါ၊ ဦးနှောက်သွေးကြောပြတ်-သွေးကြောပိတ်ရောဂါ၊ ကင်ဆာရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောင် ရောဂါကဲ့သို့သော ရောဂါများဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှာပါ မကူးစက်နိုင်သော ရောဂါများကြောင့် လူသေဆုံးမှုက ကူးစက်ရောဂါများကြောင့် သေဆုံးမှုထက် ပိုမိုများပြားနေကြောင်း ကျန်းမာရေးပညာရှင် များက ပြောကြားသည်။

သုတေသနဖွံ့ဖြိုးရေး ပိုမိုရင်းနှီးမြှုပ်နှံအားပေး

 

သုတေသနလုပ်ငန်းဟူသည် သိရှိလိုသည့် အကြောင်းအရာတစ်ခုခု ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် စူးစမ်းရှာဖွေခြင်းပင်ဖြစ်သည်။ လုပ်ငန်းနယ်ပယ်တိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ပြုလုပ်ရန်လိုအပ်ပြီး  စနစ်တကျစူးစမ်းရှာဖွေခြင်း၊   ဆန်းစစ် လေ့လာခြင်းနည်းလမ်းများဖြင့် အချက်အလက်သစ်များရရှိလာပြီး သိမှုနယ်ပယ်   ပိုမိုကျယ်ပြန့်လာနိုင်သကဲ့သို့  အခက်အခဲများ၊ ပြဿနာများတို့ကို     ဖြေရှင်းနိုင်ရန်အတွက်လည်း    နည်းလမ်း များရရှိလာနိုင်သည်။ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်နေခြင်းအားဖြင့်   သက်ဆိုင်ရာလုပ်ငန်းတိုင်းတွင်   ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသည်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုံခြုံရေးအသိ၊ သတိဖြင့်အသုံးပြု

 

ငွေစက္ကူအသုံးပြုမှုလျော့ကျလာပြီး ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ပိုမိုသုံးစွဲလာခြင်းအားဖြင့် ငွေကြေးလုပ်ငန်းများ ပိုမိုလုံခြုံချောမွေ့ လျင်မြန်လာစေသည်။ မိုဘိုင်းငွေပေးချေမှုကို စနစ်တကျ သုံးစွဲ ခြင်းဖြင့် လုပ်ငန်းတော်တော်များများ ထိုင်ရာမထပြီးမြောက်နိုင် သည်။ အွန်လိုင်းအသုံးပြုမှုများပြားလာသည့်အခါ မသမာသူများ၊ ဒုစရိုက်သမားများလည်း အွန်လိုင်းပေါ်သို့ ရောက်လာသည်။ အွန်လိုင်းပေါ်မှတစ်ဆင့်     သားကောင်များကို   ရှာဖွေကာ နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ ပြုလုပ်ကြသည်။

အရည်အသွေးကောင်း၊ အဆင့်မီ ဆားကုန်ကြမ်း၊ ကုန်ချောများ ထုတ်လုပ်နိုင်ရေး

 

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန် ဆားကိုလုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့်အပြင် ပိုလျှံအောင်လည်း ထုတ်လုပ်နိုင် သည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ဆားကြမ်းနှင့် ဆားချော များ ပြည်ပဈေးကွက်သို့  တင်ပို့နိုင်ရန်အတွက်မူ  လက်ရှိ ဆားထုတ်လုပ်နေသည့် ဆားတောင်သူများ၊ ဆားလုပ်ငန်းရှင် များတွင် ရင်းနှီးမြှုပ်နှံမှု၊ ခေတ်မီနည်းစနစ်များ၊ စက်ကိရိယာ များ စသည့်လိုအပ်ချက်များ ရှိနေသည်ဟုဆိုသည်။

ကျေးလက်နေမိသားစုများ ဝင်ငွေတိုး၍ လူမှုစီးပွားဖွံ့ဖြိုးရေး

 

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့ လူဦးရေ၏   သုံးပုံနှစ်ပုံခန့်ရှိသည်။   ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ  ရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   စီမံကိန်း များ  ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး  နည်းပညာ သင်တန်းများ  ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်   ထူးချွန်သည့်     သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင် နိုင်ရန်      လုပ်ငန်းသုံးပစ္စည်းများကိုပါ      ပေးအပ်ခြင်းဖြင့်  ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ   ပေါ်ထွက်လာစေရန်   နိုင်ငံတော်က ဆောင်ရွက်ပေးလျက် ရှိသည်။

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်