မြန်မာ့အလင်းအယ်ဒီတာအာဘော်
ဖွံ့ဖြိုးတော့မည့် ရခိုင်ပြည်နယ်အတွက် တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းတည်ဆောက်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို အီရတ်အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်အစီအစဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ အီရတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြရင်း အကျပ်အတည်း များတွင် ပိတ်မိနေခဲ့ကြသူများမှာ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့တို့မှ ရခိုင်တိုင်းရင်းသူ အမျိုးသမီးငယ်များ ဖြစ်ကြသည်။
စည်းလုံးခြင်းသည်အင်အား ပြည်ထောင်စု၏ စွမ်းပကား
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင် ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက် ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်း ရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ (ဝါ) ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်း ဖြစ်သည်။
နောက်ဆုံးပေါ် မူးယစ်မှောင်ခို
မူးယစ်မေ့လျော့စေတတ်သည့်အရာများ ရောင်းဝယ်ဖောက်ကားမှု ကို မိစ္ဆာဇီဝခေါ် မကောင်းသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် လူသားတို့ကိုးကွယ်ရာ ဘာသာကြီးများက သတ်မှတ်ထား ကြသည်။ ထို့အပြင် ရှေးခေတ်မှသည် မျက်မှောက်ခေတ်အထိ အုပ်ချုပ်သူ မင်းအစိုးရအဆက်ဆက်တို့က တရားမဝင်အဖြစ် ပိတ်ပင်တားမြစ်ခဲ့ကြသော်လည်း အကျိုးအမြတ်လွန်စွာကြီးမား လှသည့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းများမှာ ရာစုနှစ် များ ကြာခဲ့ပြီဖြစ်သည့် ပစ္စုပ္ပန်ကာလတိုင် ပျောက်ပျက်မသွား။
ဒီမိုကရေစီရှေ့ခရီးအတွက် တည်ငြိမ်အေးချမ်းမှုကို မဖြစ်မနေတည်ဆောက်
(၁) စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့် (၂) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ စတင်ဖွဲ့စည်းစဉ်ကပင် ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့သည် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒဖြစ်သည်နှင့် အညီ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ကို အကောင်အထည်ဖော်ရာ တွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပိုမို လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။
မျိုးရိုးဗီဇပြောင်း ကိုဗစ် - ၁၉ နှင့် အသက်ရှူလမ်းကြောင်းရောဂါများ ကာကွယ်ရေး
ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက် နေခြင်းနှင့်စပ်လျဉ်း၍ တစ်ကိုယ်ရေကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော် ချက် ထုတ်ပြန်ထားသည်။ လွန်ခဲ့သည့်လအတွင်း ဒေသတွင်း နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇ ပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှု များပြားခဲ့ရာမှ မြန်မာနိုင်ငံသို့လည်း ဝင်ရောက်လာပြီး ကိုဗစ် - ၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။
ပြည်သူ့အားဖြင့်ကာကွယ် မီးအန္တရာယ်
ပြီးခဲ့သည့်နှစ်က ဇန်နဝါရီလ တစ်လတည်းအတွင်းမှာပင် နိုင်ငံ တစ်ဝန်း မီးလောင်မှု ၁၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်ငွေ ခုနစ်ဘီလီယံခန့်ရှိခဲ့သည်။ ဤသည်မှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှု ၁၄၉၉ ကြိမ် ဖြစ်ပွားခဲ့ရာ တွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ် ၆ ဒသမ ၇ ဘီလီယံ ကျော်ထက်ပင် ပိုမိုနေခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့်ပျက်စီး ဆုံးရှုံးမှုသည် ပမာဏအားဖြင့် ကြီးမားသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်သည့်အပြင် အများပြည်သူအတွက်လည်း ဥစ္စာပစ္စည်းဆုံးရှုံးမှုကိုရော အသက် ဆုံးရှုံးမှုကိုပါ ဖြစ်ပေါ်စေနိုင်သည်။