မြန်မာ့အလင်းအယ်ဒီတာအာဘော်

စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ရေး တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံ

ရာဂီမုန်တိုင်းနှင့်  ဆက်စပ်ဖြစ်ပွားသော  သဘာဝဘေးအန္တရာယ်ဖြစ်သည့်  ရုတ်တရက်ရေကြီးရေလျှံ ဘေးဒဏ်သင့်ခဲ့သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်၌ကျင်းပရာ စုစုပေါင်းအလှူငွေကျပ် ၁၀ ဒသမ ၅ ဘီလီယံကျော် လက်ခံရရှိခဲ့သည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် အလှူငွေများပေးအပ်လှူဒါန်းပွဲတွင်လည်း အလှူငွေစုစုပေါင်း ကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံရရှိ ခဲ့ရာ စေတနာရှင်၊ အလှူရှင်များ၏ စေတနာသဒ္ဓါ ထက်သန်မှုမှာ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ သာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။

ရေဘေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ရေဘေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် ၃၅ မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက်တစ်နှစ်အထက် ပြည်သူများကို ပြင်းထန

အသက်ရှည်ရာ အနာမဲ့ကြောင်း

နိုင်ငံကို တည်ဆောက်ရာတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်စေ ရန်နှင့် ဉာဏ်ပညာပြည့်စုံစေရန် အရေးကြီးသည့်အလျောက် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့ မြင့်မားဖို့လို သည်။ နိုင်ငံသားတိုင်း ရောဂါဘယကင်းရှင်းစွာဖြင့် ကျန်းမာကြ စေရန်အတွက်   လိုအပ်ချက်မှာ ကျန်းမာရေးဆိုင်ရာ အသိသုတ မြင့်မားကြစေရန်နှင့် လက်တွေ့လိုက်နာကျင့်သုံးကြစေရန်ပင် ဖြစ်သည်။

ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေး နည်းပညာများကို အသုံးပြုထုတ်လုပ်

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍ ကို  နိုင်ငံတော်က  အားပေးမြှင့်တင်လျက်ရှိရာတွင်  စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ ဖွံ့ဖြိုးတိုးတက် ရေးကို ဒုတိယဦးစားပေးအဖြစ်လည်းကောင်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့စီးပွားရေးတွင် MSME များသည် အဓိကမောင်းနှင် အားဖြစ်သကဲ့သို့  နိုင်ငံ၏   စက်မှုလက်မှုလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင်လည်း အသေးစား၊ အငယ်စား မှ စတင်အခြေတည်ကာ  အလတ်စားနှင့်  အကြီးစားလုပ်ငန်း များအဖြစ်သို့ ဆက်လက်ဖွံ့ဖြိုးတိုးတက်သွားရ

ရေကြီးရေလျှံမှုနှင့် ဆက်နွှယ်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကင်းဝေးစေရေး

ပြည်တွင်းရှိ ဒေသအများအပြားတို့တွင် မိုးသည်းထန်စွာ ရွာသွန်း ခြင်းကြောင့်   မြစ်၊  ချောင်းများ  ရေမျက်နှာပြင်  မြင့်တက်ပြီး မြစ်ကမ်း၊  ချောင်းကမ်းအနီးဒေသများ၊   အနိမ့်ပိုင်းဒေသများ ရေဝင်ရောက်မှုတို့  ဖြစ်ပေါ်လျက်ရှိကြောင်း   သတင်းများတွင် တွေ့ရသည်။ သဘာဝဘေးအန္တရာယ်များအနက် ရေကြီးရေလျှံ ခြင်းကဲ့သို့သော  ဘေးအန္တရာယ်မျိုးမှာ   ကြိုတင်ခန့်မှန်းသိရှိ နိုင်ပြီး   သတိပေးနှိုးဆော်ချက်များ   ထုတ်ပြန်ပေးလျက်ရှိရာ အန္တရာယ်မကင်းနိုင်သည့်‌    ဒေသများတွင်    နေထိုင်သူများမှာ မျက်ခြည်မပြတ် သတိပြုနေကြရန်လိုသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်နှင့် အင်တာနက်လူမှုကွန်ရက်သုံးစွဲမှု

စမတ်ဖုန်းများကို အရွယ်သုံးပါး သုံးစွဲကြခြင်းက မျက်မှောက် ခေတ်၏ ခေတ်ပြိုင်လူနေမှုဘဝပုံစံ အတော်များများကို ပြောင်းလဲ သွားစေသည်။ သွားလေရာကို ယူဆောင်သွားနိုင်ကြသည့် စမတ် ဖုန်းများကို အသုံးပြုကာ လူမှုကွန်ရက်များတွင် အချိန်များစွာ ကုန်ဆုံးနေကြခြင်းကြောင့်  ရုပ်ရှင်ရုံများကို ကျောခိုင်းလာကြ သလို ရုပ်မြင်သံကြားကြည့်ရှုချိန်များလည်း များစွာ လျော့ကျ သွားကြသည်။ သုတရသစာအုပ်များ ဖတ်ရန်လည်း အချိန်ရော ငွေပါမပေးလိုတော့။ ကျောင်းနေအရွယ်ကျောင်းသားများ စမတ် ဖုန်းနှင့်   အခြားဒစ်ဂျစ်တယ်အီလက်ထရွန်နစ်ပစ္စည်းများကို အလွန်အကျွံသုံးစွဲလာကြသည့်အခါ     ပညာသင်ယူမှုအပေါ် ထိခိုက်လာစေသည်သာမက အခြားဆိုးကျိုးသက်‌ရောက်မှုများ

Subscribe to မြန်မာ့အလင်းအယ်ဒီတာအာဘော်