Announcement

စုပေါင်းလုပ်မှ အကျိုးရှိနိုင်

 

 

တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင်  လူအား၊  ငွေအား၊ ပစ္စည်းအားနဲ့စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
(၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့  ပင်လုံညစာစားပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း  ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည့်ကိစ္စနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊   ဆေးဝါးများနှင့်    စားသုံးကုန် ပစ္စည်းများကို    ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊    ဖြန့်ဖြူးခြင်း  သို့မဟုတ် ဈေးကစားရန်  ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းတို့ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်  ဝန်ဆောင်မှုဥပဒေအရ  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

 

ကျန်းမာရေးနှင့်     အားကစားဝန်ကြီးဌာနသည်  ကူးစက်ရောဂါများ   ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ  လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်းကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ်   ၂၇၃/၂၀၂၁
၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော်  ၈  ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ  ၂  ရက်)


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက် (၆/၂၀၂၁) ထုတ်ပြန်

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
ကြေညာချက် (၆/၂၀၂၁) 
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ကြာသပတေးနေ့


၁။    မြန်မာနိုင်ငံ   သတင်းမီဒီယာကောင်စီသည်   သတင်းမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်နှင့်ညီသော  သတင်းမီဒီယာ သမားများ၏  လူမှုဘဝလုံခြုံရေး  အထောက်အကူပြုရန်အတွက် အစဉ်တစိုက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

 


၂။    ၃၀-၆-၂၀၂၁   ရက်နေ့တွင်     ပြန်လည်စေလွှတ်ပေးခဲ့သည့် အကျဉ်းသား  ၂၀၀၀ ကျော်တွင် သတင်းမီဒီယာသမားများ ပါဝင် လာခြင်းအတွက်    မြန်မာနိုင်ငံ       သတင်းမီဒီယာကောင်စီက ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။

 

အသိပေးကြေညာချက်

၁။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်အချို့က လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအား military council (သို့မဟုတ်) military junta (သို့မဟုတ်) junta ဟု သတင်းများတွင် သုံးနှုန်းရေးသားဖော်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခြေအမြစ်မရှိသည့် သတင်းမှားများကို ကိုးကားချဲ့ကားရေးသားဖော်ပြခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် (၁၃၈၃ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်) (၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

 

အနုပညာရှင် ၂၄ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ထားခြင်းမှ ရုပ်သိမ်းပေးလိုက်ကြောင်း သတင်းထုတ်ပြန်ချက်

 

-    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ CDM လှုပ်ရှားမှုများ၊ ဆူပူဆန္ဒပြမှုများနှင့် Facebook လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ရေးသားမှုများကြောင့်  သဘင်၊  ဂီတ၊  ရုပ်ရှင်လောက မှ အနုပညာရှင်များအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။


-    အဆိုပါ အနုပညာရှင်များအနက် အောက်ဖော်ပြပါ အနုပညာရှင် ၂၄  ဦးတို့သည် ပြင်ပ  ပယောဂတစ်စုံတစ်ရာကြောင့်  အဆိုပါ လှုပ်ရှားမှုများအား   လုပ်ဆောင်ခဲ့ရသည်ဟု   ယူဆရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းမှ ရုပ်သိမ်းပေးလိုက်ကြောင်း ကြေညာအပ်ပါသည်။  

အသိပေးကြေညာချက်

၁။ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်အချို့က လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအား military council (သို့မဟုတ်) military junta (သို့မဟုတ်) junta ဟု သတင်းများတွင် သုံးနှုန်းရေးသားဖော်ပြခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သော အခြေအမြစ်မရှိသည့် သတင်းမှားများကို ကိုးကားချဲ့ကားရေးသားဖော်ပြခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

 

Subscribe to Announcement