Announcement

အသိပေးကြေညာချက်

     ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်


၁။    အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသော ၂-၈-၂၀၂၁ ရက်မှ ၈-၈-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည် မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး COVID -19 ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် 
(၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်)


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ 


၁။     ဤဥပဒေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အမိန့်အမှတ်   ၂၉၅/၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော်   ၂    ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ   ၂၅   ရက်)


    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်  ကူးစက်ရောဂါများ  ကာကွယ်နှိမ်နင်းရေး  ဥပဒေ ပုဒ်မ  ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

အသိပေးကြေညာခြင်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်သည့်   ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများသည်     ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (ကုန်လှောင်ရုံ)နှင့်  ဆိပ်ကမ်းများ၌ ရောက်ရှိနေသော်လည်း   လာရောက်ထုတ်ယူခြင်း   မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ အကောက်ခွန်ဦးစီးဌာနအနေဖြင့် အဆိုပါ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား လွယ်ကူချောမွေ့စွာ ထုတ်ယူ နိုင်ရေး    စီစဉ်ဆောင်ရွက်ပေးလျက်ရှိသဖြင့်   အမြန်လာရောက် ထုတ်ယူနိုင်ရေး အသိပေးကြေညာအပ်ပါသည်။

 
အကောက်ခွန်ဦးစီးဌာန

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)

 


၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၃-၇-၂၀၂၁ ရက်စွဲပါ  အမိန့်ကြော်ငြာစာ  အမှတ်၊  ၂၁၇ /၂၀၂၁ ဖြင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့အထိအား တစ်ဆက် တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ 

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၁၇ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်
( ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် )


ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ 
ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း

 

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အသိပေးကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ 
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် လိုအပ်သည့်အတွက် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ အပါအဝင်)အား ၂၆-၇-၂၀၂၁ ရက်နေ့မှ ၈-၈-၂၀၂၁ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်အား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။              

၁၃၈၃ ခုနှစ် (၂၀၂၁ ခုနှစ်)၊ (၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ (၂၈) ကြိမ်မြောက်နိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၆ ဌာနတို့၌  ၂၁-၆-၂၀၂၁ ရက်နေ့မှ   ၂၅-၆-၂၀၂၁ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
၂။    (၂၈) ကြိမ်မြောက် နိကာယ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ၁၄၇၆၆ ပါးရှိပြီး ဖြေဆို ၉၅၈၇ ပါးဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူ စုစုပေါင်း ၃၆၆၆ ပါးဖြစ်ရာ ၃၈.၂၄ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။

ကိုယ့်အခွင့်အရေး

 

 

ကျွန်တော်တို့ဗမာတွေရဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော် အထူးပြောပြလိုပါတယ်။ ကမ္ဘာ့နိုင်ငံရေး စကားတစ်ခု  ရှိပါတယ်။  ဘယ်လူမျိုး၊  ဘယ်တိုင်းနိုင်ငံမဆို  မိမိတို့  ထိုက်တန်သလောက်သာ မိမိတို့ အခွင့်အရေးရကြတယ်လို့ စကားရှိပါတယ်။ ကိုယ့်အခွင့်အရေးဆိုတာ သူများ နို့သက်ခံပြီးရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ 
(၁၉၄၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် သတင်းစာကိုယ်စားလှယ်များက ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းထံသို့ သွားရောက်မေးမြန်းကြရာ ပြန်လည်ဖြေကြားချက်မှ ကောက်နုတ်ချက်)

Subscribe to Announcement