ကျန်းမာရေး

လဲနေသူ ထူပေး အားငယ်သူ အားပေး

စာချစ်သူ

======

 

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယ လှိုင်းအဝှေ့တွင် အနယ်နယ်အရပ်ရပ်ရှိ  ဆေးဆိုင်များ၌   လူတွေအုံခဲလို့ နေကြ သည်။
“ဘိုင်အိုဂျက်ဆစ် ရှိလား”
“မရှိဘူး၊ ပါရာစီတမော့ပဲ ရှိတယ်”
“ရာဘာလက်အိတ်ကော   ရှိလား၊ 
ဘယ်လောက်လဲ”
“တစ်သောင်းနှစ်ထောင်”


ဘုရား၊ ဘုရား။ ပါရာစီတမော့ဆေး နှင့်       ရာဘာလက်အိတ်ဈေးနှုန်းက မတန်တဆ   ဖြစ်နေပါလား။   သို့နှင့် ငွေကျပ် လေးရာတန် ကြွပ်ကြွပ်အိတ် လက်အိတ်လေးနှင့်    ပါရာစီတမော့ နှစ်ကတ်သာ ဝယ်ဖြစ်တော့သည်။

မိုးဥတုနှင့် အဆုတ်ပွရောဂါ

ကြည်လွင်မြင့် (မုဒြာ)
 

=========

 

အဆုတ်ပွရောဂါသည် မိုးဥတုတွင် အဖြစ်များသော ရောဂါဖြစ်သည်။   အဆုတ်လေပြွန်များအတွင်း ရေငွေ့များဝင်ရာမှ        ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး       အဆုတ်အအေးပတ်ရောဂါ ဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ် ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။

ကြမ္မာမုန်တိုင်းရောဂါလှိုင်းကြားက မိမိကိုယ်မိမိ ကာကွယ်ခြင်းသည်သာ အရေးကြီးဆုံးဖြစ်ပါသည်

ဒေါက်တာမြတ်မိုး

==========

 

ကိုဗစ်-၁၉ ရောဂါဆိုတာ အားလုံးသိတဲ့အတိုင်း အရေးကြုံလာရင်   အလွန်ကို   ထိန်းချုပ်ရခက်တဲ့ ရောဂါဆိုးကြီးတစ်ခုပါ။ 
ဘယ်ရောဂါပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် မထိန်း ချုပ်နိုင်ရင်၊     မကာကွယ်နိုင်ရင်   ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ များစွာကို  ရင်ဆိုင်ရနိုင်တယ် ဆိုတာ ယခု ကိုဗစ်-၁၉ က လက်တွေ့သက်သေပြ နေပါပြီ။ အရေးအကြောင်းဆို ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ကာကွယ်ရမှာမဟုတ်လား။   Positive ပြပြီး ဝေဒနာခံစားနေရသူအဖို့၊     ကိုယ့်မိသားစုထဲက ဖြစ်လာရင်    ဘယ်လိုစီမံရမလဲ၊   ဆေးရုံသွားဖို့၊ ဆေးခန်းပြဖို့၊ ဆေးဝယ်ဖို့ကအစ အခက်အခဲတွေ ကြုံရတတ်ပါတယ်။

 

မြန်မာပြည် ကိုဗစ်-ဒယ်လ်တာ လှိုင်းနှင့် ဆက်စပ်နေသော နောက်ခံအခြေအနေ (Context)

 

ဒေါက်တာရင်ရင်နွယ်
 

ယခုအခါ မြန်မာပြည်သည် အခြားတိုင်းပြည်များနှင့်တကွ ကိုဗစ်-ဒယ်လ်တာ လှိုင်းကြီး၏ဆိုးရွားသော ဒဏ်ကိုခံနေရပြီဖြစ်သည်။ ဤရောဂါကြောင့် သေဆုံးသူ အသိမိတ်ဆွေများအနက် လွန်ခဲ့သောနှစ်ပတ်ခန့်က ကျွန်မ ချစ်ခင်ရင်းနှီးသောသူများလည်း ပါခဲ့သည်။ နှစ်ဦးကို ဆေးရုံတင်ရန် ကျွန်မကိုယ်တိုင် သူတို့ မိသားစုများနှင့်အတူ ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ဤရောဂါဖြစ်ပျက်နေပုံနှင့်စပ်လျဉ်း၍ “Context”ဟုခေါ်သည့် ဆက်စပ်နေသောနောက်ခံ အခြေအနေအချို့ကို ရှုထောင့်တစ်ခုမှ တင်ပြလိုပါသည်။
 

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများ

 

နေပြည်တော်ကောင်စီ

 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် ၂၀၁၉ ခုနှစ်  ဒီဇင်ဘာလမှ  စတင်ပျံ့နှံ့လာခဲ့ပြီး  မြန်မာနိုင်ငံသို့ ၂၀၂၀ နှစ်ဆန်းပိုင်းမှ စတင်ဝင်ရောက်လာခဲ့ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO  က ၁၂-၃- ၂၀၂၀ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည်   အသက်ရှူလမ်းကြောင်းမှတစ်ဆင့်  ပျံ့နှံ့ ဖြစ်ပွားသည့်ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အားလုံး တွင် အဆိုပါရောဂါကို ကာကွယ်ကုသရန်အတွက် ကြိုးပမ်းနေကြသလို         မြန်မာနိုင်ငံတွင်လည်း ကာကွယ်ကုသရေး  လုပ်ငန်းစဉ်များကို    စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

 

ကိုဗစ်ကူးစက်မှု ကင်းစင်တဲ့ ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ ……

နံနက်စောစော အဖေနဲ့ အမေ  နှစ်ယောက်သား အပြန်အလှန်စကားဆိုသံကြောင့် ကျွန်မ ပြုံးမိပါ တယ်။   “လက်ကို ခဏခဏဆေးပါ၊  လူစုလူဝေး ရှောင်ရှားပါ၊ နှာစေးချောင်းဆိုးရင် အုပ်ထားပါ" ဆိုတဲ့ ကိုဗစ် အသိပညာပေးသီချင်းတစ်ပိုင်းတစ်စ ကို အဖေက ဆိုပါတယ်။ ဒီလိုဆိုတော့ “အမေက သိပါတယ်တော်၊ ဆရာမလုပ်နဲ့၊ အကုန်ကြားဖူးပြီး သား”ဟု ဆိုပြန်ပါတယ်။ သူတို့ အတိုင်အဖောက်နဲ့ သူတို့။

 

ကိုဗစ်ကို ခုတုံးလုပ်လာနိုင်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေကို သိမြင်ရှောင်ရှား

မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိပတ်ဝန်းကျင်အပေါ်မှာ ကျေးဇူးပြုဖို့ ကြိုးစား ရာမှာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ လိုအပ်ပါတယ်။ 

 


အမှန်၊ အရှိ  ဖြစ်တည်မှုမဟုတ်ဘဲ စိတ်ကူးယဉ်မျှော်လင့်မှုတွေနဲ့ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်နိုင်ငံရေးကို ယုံကြည်ပြီး အသိမှား၊ အမြင်မှားမဖြစ်ဖို့    လိုအပ်ပါတယ်။   အပြုနဲ့အဖျက်ကို  သိရှိကြရမှာ ဖြစ်ပါတယ်။   သို့အတွက်   မှန်ကန်တဲ့အသိဉာဏ်၊     ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ  ရှိရမှာဖြစ်ပါတယ်။  အသိမှား၊ အမြင်မှားရှိနေရင် ဆုံးဖြတ်ချက်မှားနေမှာ ဖြစ်ပါတယ်။

 

Subscribe to ကျန်းမာရေး