ကျန်းမာရေး

ကိုဗစ်-၁၉ ကို အတူတကွ တွန်းလှန်ကာကွယ်ကြသူများ

တစ်ကမ္ဘာလုံး ခံစားကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကို မိမိတို့နိုင်ငံသားတွေလည်း ပြီးခဲ့တဲ့ကာလမှာ  အလူးအလဲ ခံစားခဲ့ကြရပါတယ်။ ကိုဗစ် - ၁၉ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စတဲ့ လှိုင်းအဆင့်ဆင့်အနက် အခုကြုံနေရတဲ့ တတိယလှိုင်းအတွင်း ပြီးခဲ့တဲ့ ဇူလိုင်လက  ကူးစက်မှုအမြင့်ဆုံးကြုံခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်ပါတယ်၊ ကျန်းမာခြင်းရဲ့ အင်္ဂါရပ် သုံးခုစလုံးကို ထိခိုက်စေတာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီရောဂါ မဖြစ်တာ အကောင်းဆုံးပါ

အစီအစဉ်မှူး။    ။    နိုင်ငံတစ်ဝန်း ကိုဗစ်-
            ၁၉ တတိယလှိုင်း  ဖြစ်ပွား နေတာနဲ့ပတ်သက်ပြီး  ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန  ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

တိုးထုတ်၊ လျှော့စား အကျိုးစီးပွားများပြား

“ဆီကိုရေချိုး၊   ဆေးရိုးမီးလှုံ၊   စပါးတောင်လိုပုံ” ဟူသည့် ဆိုရိုးစကားသည် ကျွန်တော်တို့ ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြု တင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင် တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွား သည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေ တွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀  ထက်မက  စိုက်ကြသည်။  ဒေသ၏ ဆေး တစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။ 

ကိုဗစ်-၁၉ ရောဂါနဲ့ နောက်တစ်ဆင့်မြှင့်တင်ရတော့မယ့် တိုင်းရင်းဆေးအခန်းကဏ္ဍ

 

ထက်မြတ်

(ယမန်နေ့မှအဆက်)


တရုတ်နိုင်ငံရဲ့တိုင်းရင်းဆေး


တရုတ်အစိုးရက      နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့ချိန်မှာ အဲဒီရောဂါကို ကုသဖို့အတွက် ဆေးဝါးကို တိုင်းရင်းဆေးတွေထဲကနေ အသုံးပြုဖို့ လမ်းညွှန်တိုက်တွန်းခဲ့ပါတယ်။


အစိုးရရဲ့  လမ်းညွှန်တိုက်တွန်းချက် ကြောင့်ပဲ များမကြာမီအချိန်အတွင်းမှာ ကိုဗစ်-၁၉    ရောဂါကို   ကုသနိုင်တဲ့ တိုင်းရင်းဆေးတွေ   အလျှိုလျှိုထွက်ပေါ် လာတာကို တွေ့ရပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲများနှင့် အနာဂတ်တွင် ဖြစ်နိုင်ဖွယ်ရာများ

 

ကိုလူ

အခုချိန်မှာ  ဖြစ်ပွားလျက်ရှိတဲ့  ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို  တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့အချိန်မှာ  ဆေးပညာရှင် တွေနဲ့      လူထုကို      စိုးရိမ်လာစေတာက ဗိုင်းရပ်စ်ရဲ့         မျိုးဗီဇပြောင်းလဲမှုပဲ။ ဒီရောဂါကို  စဖြစ်စေခဲ့တဲ့  ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကနေပြီး      မျိုးကွဲတွေများစွာ ပေါ်ထွက်လာခဲ့ရာ       အခုအချိန်မှာ ကူးစက်မှုအမြန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာစေတဲ့  မျိုးကွဲကတော့ ဒယ်လ်တာ   (Delta)    မျိုးစိတ်ဖြစ်လာ တယ်။   ဒီနောက်မှာတော့   လမ်(ဘ်)ဒါ (Lambda) မျိုးစိတ်က စိုးရိမ်ဖွယ်ရာ     ကူးစက်မှုအခြေအနေကို     ဖြစ်လာစေ တယ်။ 

 

မိသားစုကျန်းမာရေးအတွက် ဆေးဝါးဝယ်ယူရာတွင် ပစ္စည်းမှန် ဈေးနှုန်းမှန်ရရှိဖို့ သတိပြုကြစို့

 

ဒေါက်တာသန်းနိုင်စိုး(ကျန်းမာရေးအသိပညာမြှင့်တင်ရေး)

လက်ရှိအချိန်ကာလသည် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး (SARS-Cov-2)၏ မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်နေချိန်ဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း အဆိုပါ မျိုးရိုးဗီဇပြောင်း‌ရောဂါပိုးများကြောင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကိုခံစားနေရချိန်ဖြစ်ပါသည်။  မျိုးရိုးဗီဇပြောင်း  ကိုရိုနာဗိုင်းရပ်စ်ပိုးများ ဥပမာ- ဒယ်လ်တာ ဗိုင်းရပ်စ်မျိုးကွဲသည်  မူလကိုရိုနာဗိုင်းရပ်စ်ပိုးများနှင့်  နှိုင်းယှဉ်လျှင်ကူးစက်မှုနှုန်း  နှစ်ဆမှ  သုံးဆအထိပိုမို၍  ကူးစက်ကာ  ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်သည့်နှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိနေရပါသည်။

မေတ္တာကမ္ဘာကြီး တည်ဆောက်ကြမယ်

ရုံးပိတ်ရက်ရှည်ကာလ သြဂုတ်လဆန်းတွင် အမေ့ အတွက် မိသားစုပင်စင်လစာငွေများကို ရန်ကုန်မြို့ မြန်မာ့စီးပွားရေးဘဏ်   ဘဏ်ခွဲ(၄)၌  ကိုယ်စား သွားထုတ်ပေးဖြစ်သည်။


အမေက အသက် ၉၀ ကျော်ပြီ။ သည်ကြားထဲ လူကြီးနာဖြင့် အိပ်ရာထဲ လဲနေသည်မှာ လေး၊ ငါးလ ခန့်ရှိနေပြီမို့ လျှောက်လွှာပေါ်တွင် လက်မှတ်ပင် ပီပီသသမထိုးနိုင်တော့။    တစ်ကြိမ်နှင့်တစ်ကြိမ် ထိုးမြဲလက်မှတ်ကလည်း မတူတော့။ သည်လလည်း ပြီးခဲ့သည့်လက လက်မှတ်နှင့် မတူညီပြန်။ ငွေထုတ် ကောင်တာမှ ဝန်ထမ်းညီမငယ်က နားလည်မှုရှိစွာ ပံ့ပိုးကူညီဆောင်ရွက်ပေး၍ အဆင်ပြေခဲ့ရပါ၏။ 


Video Call ဖြင့်သာ သက်သေ

Subscribe to ကျန်းမာရေး